ဆေးထိုးမှားတဲ့ မြစ်

| March 28, 2013 |
Photo: ဆေးထိုးမှားတဲ့ မြစ်

Thursday, March 28, 2013

တစ်ချိန်က ဧရာဝတီမြစ်မှ ဖြာထွက်စီးဆင်းခဲ့သည့် ပေ ၁၅၀၀ ခန့်ရှည်သော ပန်းလှိုင်မြစ်လက်တက်တစ်ခုသည် နှစ်ပေါင်းနှစ်ဆယ် ကြာမြင့်ပြီးနောက်

ပျောက်သွားကာလူနေအိမ်ခြေများ၊ ဈေးဆိုင်များဖြင့်စည်ကားလျက်ရှိလေ

သည်။

တသွင်သွင်စီးဆင်းခဲ့သောမြစ်ဟု ထင်မှတ်စရာ အမှတ်အသား အရိပ်အယောင်ဆို၍ ဘာမျှပင် မကျန်ခဲ့လေပြီ။ ရှေ့မီ၊ နောက်မီ အ

သက် ၇၀ ကျော် ဦးဖိုးစိန်၏ နှလုံးသားထဲတွင် တစ်ချိန်က မြစ်၏ပုံရိပ်

များက ယနေ့တိုင် စွဲထင်နေဆဲဖြစ်ပြီး မြစ်မရှိတော့သည့် အကျိုးဆက်

ကို ကြုံနေရလေပြီ။

တစ်ချိန်က ညောင်တုန်းနယ် တစ်ဝိုက်ထွက်သော ဆေးရွက်ကြီး၊

ပြောင်းစိုက်ပျိုးသူများအဖြစ် နာမည်ကျော်ကြားခဲ့သော ရန်ကင်းစံ

သာကျေးရွာကြီးကို ယနေ့အခါ တောင်၊ မြောက် ပေါင်းစည်း၍မရ

အောင် လူများ ရေလမ်းကြောင်း ပြောင်းဖောက်လုပ်ခဲ့သော လူလုပ်

ပန်းလှိုင်မြစ်တစ်စင်းက စည်းခြားထားသည်။ ဦးစိန်ဖိုးတို့၏ မိသားစု

ဘ၀သည်လည်း လူများဖန်တီးခဲ့သည့် မြစ်တစ်စင်း၏ ရေအောက်တွင် တဖြည်းဖြည်း လူမှုစီးပွားများ နစ်မြုပ်ခဲ့ရသည်။

လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကျော်က အာဏာရပုဂ္ဂိုလ်အချို့က ကုန်သင်္ဘော

ကြီးများ ကူးလူးဆက်သွယ်ရန်အတွက် ညောင်တုန်းမြို့အနောက်ဘက်တွင် ရစ်ခွေစီးဆင်းနေသော ပန်းလှိုင်မြစ်တစ်စင်းကို အနောက်မြောက်ဘက်မှ စီးဆင်းရန် တူးမြောင်းတစ်ခု တူးဖော်လိုက်သည်။ တူးဖော်စတွင် ပေ ၆၀ ကျယ်သော တူးမြောင်းသည် နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာလာသည့်အခါ ပေ ၁၀၀၀ ကျော် ကျယ်လာပြီး အထက်ဘက် ပန်းလှိုင်မြစ်နှင့် ဆက်စပ်သွားကာ မူလမြစ်လက်တက်အိုတစ်စင်းမှာ ပျောက်ဆုံးသွားခဲ့လေပြီ။

ပန်းလှိုင်မြစ်သည် ဧရာဝတီမြစ်မှ ရေခေါ်တူးမြောင်းနှင့် ဆက်စပ်ပေး

ထားသော မြစ်တစ်စင်းဖြစ်ပြီး ယခင်စီးဝင်ခဲ့သော မြစ်လက်တက်တစ်

စင်းကို လူအများ မသိရှိတော့ကြောင်း အသက်(၇၀)ကျော် စည်ပင်သာ

ယာအုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်သန်းက ပြောသည်။

ရန်ကင်းစံရာကျွန်းအလယ်တည့်တည့်တွင် ဖြတ်ဖောက်ခဲ့သော ရေခေါ်တူး

မြောင်းတစ်စင်းသည် ကျယ်ပြန့်လာပြီး အနောက်ကျွန်းရွာသည်ရေအောက်

သို့ရောက်ရှိခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာလာသည့်အခါ ယင်းရွာနေရာ

တွင် သဲသောင်တစ်ခုပေါ်လာသည်။

ယနေ့လူသိများသောညောင် ချောင်းသာအပန်းဖြေနေရာသည် ယခင်ရန်ကင်းစံရာအနောက် ကျေးရွာတည်နေရာဖြစ်ပြီး ဒေသခံ

များ နွေရာသီတွင် ၀င်ငွေရှာပေးနေသည့် သဲသောင်ပြင်ဖြစ်သည်။

ယခင်ကျွန်းနေရာသည် ကွယ်ပျောက်သွားပြီး နှစ်စဉ်တန်ဆောင်မုန်းကာ

လတွင် ပန်းလှိုင်မြစ်နှင့် ဧရာဝတီမြစ်ဆက်စပ်ထားသော မြစ်ဆုံနေရာ

တွင်ပေါ်ပေါက်ခဲ့သည်။ သဲသောင်ပြင်ကြီးဖြစ်ပေါ်လာသည်မှာ ရှစ်နှစ်

ခန့်ရှိပြီဟု ပြောင်းရွှေ့ခဲ့ရသည့် ကျေးရွာဒေသခံများကပြောသည်။

ယနေ့ လူသိများနေသော ညောင်ချောင်းသာ အပန်းဖြေနေရာသည် ယခင်ရန်ကင်းစံရာ အနောက်ကျေးရွာ တည်နေရာဖြစ်ပြီး ဒေသခံများ

အား ၀င်ငွေရှာပေးနေသော အသစ်ဖြစ်ထွန်းလာသည့် နွေရာသီသဲ

သောင်ပြင်ကြီးတစ်ခုဖြစ်သည်။

“ပြောင်းဖောက်လိုက်တဲ့ ဒီမြစ်ကြောင်းကြောင့် ဘ၀တွေ ပျက်ခဲ့ကြတာ နည်းမှမနည်းတာ။သားသမီးတွေကိုပေးတဲ့ ကျောင်းအမွေဆိုတာတောင်

ပြုတ်ရော၊ အိမ်တိုင်တောင် ကျွန်းဖြစ်ရာကနေ၊ သစ်ဖြစ်လိုက်၊ ၀ါးဖြစ်လိုက်

နဲ့ ဖြစ်လာတော့ ကလေးတွေ ကျောင်းအမွေတောင် မပေးနိုင်ခဲ့ဘူး” ဟု မောဟိုက်ခဲ့သော ဘ၀တစ်ခုကို သတိတရရှိနေသည့် မျက်ဝန်းများဖြင့် ရန်ကင်းစံရာ ကျေးရွာ (အနောက်) သား ဦးစိန်ဖိုးက ပြောသည်။

လူလုပ်ပန်းလှိုင်မြစ်လက်တက်ကြောင့် ညောင်တုန်းမြို့မြေပုံတည်နေ

ရာပြောင်းလဲခြင်းနှင့်အတူ ဘ၀ပေါင်းများစွာလည်း ပြောင်းလဲခဲ့သည်။ ဦးစိန်ဖိုးသည် မြစ်ကြောင့် ပြောင်းလဲသော ဘ၀ပေါင်းများစွာထဲက တစ်ဦးဖြစ်သည်။

ဧရာဝတီမြစ်မှ တိုးလာမည့် မြစ်ရေကြောင့် ညောင်တုန်းမြို့ ရေလွှမ်းမိုးခြင်း၊ ကမ်းပြိုခြင်းကို သဘာဝအရ တားဆီးထားသည့် ရန်ကင်းစံရာ ကျွန်းရွာကြီး၏ အလယ်တွင် ဖောက်လုပ်ခဲ့သော လူလုပ်ရေခေါ် တူးမြောင်းတစ်စင်းကြောင့်

ညောင်တုန်းမြို့သည် ကမ်းပြိုခြင်း၊ မြေစားခြင်းကို ခံစားလာရကြောင်း ယ

ခင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်သန်းက ပြောသည်။

“အဲဒီ ရေခေါ်တူးမြောင်းကို ပန်းလှိုင်မြစ်နဲ့ ဧရာဝတီမြစ်ကို ခြားထားတဲ့ ရန်ကင်းစံရာ ကျွန်းရွာကြီးကနေဖောက်ပြီး ပန်းလှိုင်မြစ်နဲ့ ဆက်လိုက်

တယ်။ ၁၉၈၂ ခုနှစ်လောက်မှာ တူးတယ်။ ဒါပေမဲ့ မပေါက်ဘူး။

၈၆ လောက်မှ ပေါက်သွားတာ။ အဲဒီကနေ တောက်လျှောက်ညောင်တုန်းမြို့ ခါးလယ်လောက်ကို လာလာတိုးတော့ ညောင်တုန်းသောင်လည်း ကုန်ရော၊ အိမ်တွေပါ မြစ်ထဲရောက်ကုန်တာ မနည်းဘူး။ အဲဒီအချိန်မှာ ညောင်တုန်း အလူးလဲခံရတယ်” ဟု ဦးအောင်သန်းက ထပ်မံပြောသည်။

မြစ်ကမ်းနားဘေးတွင် ယခင်က ညောင်တုန်းမြို့သည် အားကစားကွင်း၊ ယာယီဆားဂိုဒေါင်ရုံ၊ လွတ်လပ်ရေးကျောက်တိုင်နှင့် လူနေအိမ်ခြေများဖြင့် စည်ကားခဲ့သည်။ ယခုအခါတော့ ထိုမြေသားများသည် ညောင်တုန်းမြို့ အနောက်မြောက်တွင် ဖောက်လုပ်လိုက်သော တူးမြောင်းတစ်ခုကြောင့်

ရေအောက်သို့ တဖြည်းဖြည်း ရောက်ရှိခဲ့သည်။

ညောင်တုန်းမြို့နည်းတူ ရန်ကင်းစံရာ အနောက်ကျေးရွာသည် ဧရာဝတီမြစ်

တိုးလာခြင်းကြောင့် ကျေးရွာပျောက်ကွယ်ခဲ့ပြီး ညောင်တုန်းမြို့ ကမ်းနားရပ်

ကွက်များသည်လည်း မြို့အရှေ့ဘက် လယ်ကွက်များတွင် ပြောင်းရွှေ့နေ

ရာချထားပေးခဲ့ကြောင်း ရပ်ကွက်တည်နေရာမြေနေရာအသစ်ကို စည်ပင်က ချထားပေးရာတွင် အုပ်ချုပ်ရေးမှူးအဖြစ် ပါဝင်ခဲ့သူ ဦးအောင်သန်းက ပြော

သည်။

“ဆရာဝန် ဆေးထိုးမှားရင် တစ်ယောက်ပဲသေတယ်။ မြစ်ကို ဆေးထိုး

မှားတော့ လူတွေရဲ့ ဘ၀တွေ ကျေပျက်ခဲ့တာများ မနည်းဘူး” ဟု ဦးအောင်သန်းက ပြောသည်။

ရေခေါ်တူးမြောင်းဖောက်လုပ်ပြီး ၂ နှစ်ကျော် ကြာမြင့်ပြီးနောက် မြစ်ရေ

တိုက်စားမှုကြောင့် ကမ်းပါးပြိုခြင်းများကို ခံစားခဲ့ရသည့် မြစ်ကြောင်း

ကို ပြုပြင်လိုက်ခြင်းကြောင့်ဖြစ်သည်ဟု ရန်ကင်းစံရာ ကျေးရွာနှင့်

ညောင်တုန်းမြို့မှ ဒေသခံများ၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်

ရှောက်ရေး လှုပ်ရှားသူများက ပြောဆိုနေကြသည်။

“ဒီမြစ်ကြောင်းမှ မဟုတ်ဘူး တခြားပြုပြင်ပြီး မြစ်ကြောင်းတွေဟာ ကမ္ဘာအနှံ့အပြားမှာ ပုံစံမျိုးစုံနဲ့ ပြောင်းလဲလာတာကြောင့် ၂၁ ရာစု

နောက်ပိုင်းမှာတော့ အင်ဂျင်နီယာပညာရှင်တွေကသဘာဝအတိုင်း

ပြုပြင်ပြောင်းလဲတာက အကောင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုတာ လက်ခံလာကြတယ်” ဟု သြစတြေးလျနိုင်ငံတွင် သဘာဝပတ်ဝန်း

ကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ပါရဂူတန်းတက်ရောက်နေသူ ဦးမြင့်ဇော်ကပြောသည်။

ဧရာဝတီမြစ်မှ သဘာဝအတိုင်းစီးဝင်နေသော ပန်းလှိုင်မြစ်ကြောင်း

ပြောင်းလဲခြင်းကြောင့် ကမ်းပါးတိုက်စားမှုများ ကြုံလာရသည့်အပြင် ယခု

အခါ ပန်းလှိုင်မြစ်နှင့် ဧရာဝတီမြစ် ဆုံစည်းရာနေရာတွင် မိုင်ဝက်ရှည်လျား

ပြီးကြီးမားကျယ်ပြန့်သောသဲသောင်ပြင်ကြီးများ နွေရာသီ၌ ပေါ်လာပြီဖြစ်

သည်။

“မြစ်ရဲ့သဘောကသဲသောင်ပြင် ပေါ်လာတာများရင်ကောတာပဲ။ သောင်ပြင်

ပေါ်တာ ဘယ်လောက်မှ မရှိဘူး။ ပိုဆိုးတာက ညောင်တုန်းနားက ဧရာဝ

တီမြစ်ပေါ်မှာ တံတားကြီးနှစ်စင်းပေါ်လာတော့ ပင်လယ်ထဲကို စီးဝင်မယ့် ဧရာဝတီမြစ်ရေဟာပန်းလှိုင်မြစ်ထဲကိုတိုးမှာပဲ။ ညောင်တုန်းကတော့ ရေတိုက်

စားခံရဦးမယ်။

ရေတိုက်စားခံရတာ ကုန်လာရင် ပန်းလှိုင်မြစ်လည်း ကောနိုင်သလို ဧရာဝတီမြစ်လည်း ဒုက္ခရောက်တော့မယ်” ဟု ဧရာဝတီမြစ်တစ်စင်းနှင့်

ပတ်သက်ပြီး ပတ်ဝန်းကျင်ရေးရာ ရှုထောင့်မှ မေးခွန်းနှစ်ဆယ်ထုတ်ခဲ့သူ ဦးဝင်းမျိုးသူက ပြောသည်။

ယင်းသဲသောင်ပြင်ကြီး ပေါ်ထွန်းလာမှုသည် မြစ်ကို ပြုပြင်ခဲ့သောကြောင့် ဆယ်စုနှစ်တစ်ခုအကျော် ဒဏ်ခတ်ပြီးနောက် ဆုငွေအဖြစ် အနည်းအ

ကျဉ်းပေးသော ဆုလာဘ်တစ်ခုဟု ဒေသခံများက ယုံကြည်နေကြသည်။

“တစ်နေ့ကို နှစ်ထောင်၊ သုံးထောင်မြတ်တယ်။ တစ်ခါတလေ ကိုယ်ဆို

တဲ့ ဈေးနဲ့ ရောင်းရင် ငါးထောင်၊ ခြောက်ထောင်လောက် မြတ်တယ်။

ရွာကလူတွေ တစ်ရွာလုံးနီးပါး ရောင်းကြတယ်။ သောင်မပေါ်ခင်က အလုပ်ကြမ်းလုပ်ကြ၊ ကျောက်သယ်ကြနဲ့ လုပ်ကြတယ်။ အရမ်းပင်

ပန်းတယ်။ အခုတော့ အဆင်ပြေတယ်” ဟု ပြောင်းရွှေ့သော ရန်ကင်း

စံရာ အနောက်ကျေးရွာအသစ်တွင် နေထိုင်သူ ကလေးတစ်ယောက်

အမေ မမူမူက ပြောသည်။

အိမ်ပေါင်းများစွာနှင့် မြေနေရာပေါင်းများစွာဆုံးရှုံးခဲ့သော ညောင်တုန်းမြို့

သည်လည်း ယခုနှစ်တွင် ညောင်ချောင်းသာ အပန်းဖြေမြစ်ကမ်းခြေ

မှ ငွေကျပ်သိန်း သုံးဆယ်ကျော်ကို မြို့ရန်ပုံငွေအဖြစ် ရရှိခဲ့သည်။

“မြို့ရန်ပုံငွေအဖြစ် ညောင်ချောင်းသာဖြစ်မြောက်ရေးကော်မတီက စီမံခန့်ခွဲတယ်။ တံတားလေလံကို တစ်ရာသီ ၁၀ သိန်း လေလံပစ်တယ်။ ဆိုင်ခန်းကတော့ တစ်ခန်းကို ကျေးရွာသား ငါးသောင်း၊ ညောင်တုန်းမြို့ခံ

က ခုနစ်သောင်းကောက်တယ်။ အားကစားကွင်းက ရှစ်သိန်းကောက်တယ်။

ရတဲ့ငွေကြေးကို မြို့တော်ခန်းမတည်ဆောက်ရေးနဲ့ တခြားနေရာတွေမှာ သုံးဖို့ ရည်ရွယ်ထားပါတယ်။ ငွေစာရင်းကိုလည်း ကြေညာမှာပါ” ဟု

ညောင်ချောင်းသာ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မင်းက ပြော

သည်။

သဘာဝအတိုင်း စီးဆင်းနေသော ပန်းလှိုင်မြစ်ကြောင်း ပျောက်ဆုံးပြီး လူလုပ်ရေခေါ်တူးမြောင်းတစ်စင်းဖြင့် ရေကြောင်းပြောင်းလဲစဉ်က ပြည်သူ

ဘဏ္ဍာများ ဆုံးရှုံးခဲ့သောကြောင့် နှစ်စဉ် ဧရာဝတီမြစ်ရေ တိုက်ရိုက်တိုးမှု

ကို ခံစားရသော ညောင်တုန်းမြို့ ရေရှည်ကာကွယ်နိုင်ရေးအတွက် ယခုရရှိလာသော ဘဏ္ဍာငွေများကို ထိရောက်သော နေရာများတွင်

သာ သုံးစွဲရန် တိုက်တွန်းကြောင်း မြို့ခံအချို့က ပြောသည်။

ညောင်ချောင်းသာတွင် မြေခပေးဆိုင်ခန်းဖွင့်လှစ်ထားပြီး ၀မ်းရေးရှာဖွေနေသော ဦးစိန်ဖိုးက ဆိုင်ခန်းမှ ရသော ငွေ

သည် သူဆုံးရှုံးခဲ့သော အရာများနှင့် နှိုင်းယှဉ်ပါက အရင်း

မကျေသေးဟု ဆိုသည်။

အိဖြူမွန်၊ ခိုင်ခိုင်စိုး

ဓာတ်ပုံ- အိဖြူမွန်

7Day News Journal

တစ်ချိန်က ဧရာဝတီမြစ်မှ ဖြာထွက်စီးဆင်းခဲ့သည့် ပေ ၁၅၀၀ ခန့်ရှည်သော ပန်းလှိုင်မြစ်လက်တက်တစ်ခုသည် နှစ်ပေါင်းနှစ်ဆယ် ကြာမြင့်ပြီးနောက်ပျောက် သွားကာလူနေအိမ်ခြေများ၊ ဈေးဆိုင်များဖြင့်စည်ကားလျက်ရှိလေသည်။တသွင်သွင်စီးဆင်းခဲ့သောမြစ်ဟု ထင်မှတ်စရာ အမှတ်အသား အရိပ်အယောင်ဆို၍ ဘာမျှပင် မကျန်ခဲ့လေပြီ။ ရှေ့မီ၊ နောက်မီ အသက် ၇၀ ကျော် ဦးဖိုးစိန်၏ နှလုံးသားထဲတွင် တစ်ချိန်က မြစ်၏ပုံရိပ်များက ယနေ့တိုင် စွဲထင်နေဆဲဖြစ်ပြီး မြစ်မရှိတော့သည့် အကျိုးဆက်ကို ကြုံနေရလေပြီ။

တစ်ချိန်က ညောင်တုန်းနယ် တစ်ဝိုက်ထွက်သော ဆေးရွက်ကြီး၊ပြောင်းစိုက်ပျိုးသူများအဖြစ် နာမည်ကျော်ကြားခဲ့သော ရန်ကင်းစံသာကျေးရွာကြီးကို ယနေ့အခါ တောင်၊ မြောက် ပေါင်းစည်း၍မရအောင် လူများ ရေလမ်းကြောင်း ပြောင်းဖောက်လုပ်ခဲ့သော လူလုပ်ပန်းလှိုင်မြစ်တစ်စင်းက စည်းခြားထားသည်။ ဦးစိန်ဖိုးတို့၏ မိသားစုဘ၀သည်လည်း လူများဖန်တီးခဲ့သည့် မြစ်တစ်စင်း၏ ရေအောက်တွင် တဖြည်းဖြည်း လူမှုစီးပွားများ နစ်မြုပ်ခဲ့ရသည်။

လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကျော်က အာဏာရပုဂ္ဂိုလ်အချို့က ကုန်သင်္ဘောကြီးများ ကူးလူးဆက်သွယ်ရန်အတွက် ညောင်တုန်းမြို့အနောက်ဘက်တွင် ရစ်ခွေစီးဆင်းနေသော ပန်းလှိုင်မြစ်တစ်စင်းကို အနောက်မြောက်ဘက်မှ စီးဆင်းရန် တူးမြောင်းတစ်ခု တူးဖော်လိုက်သည်။ တူးဖော်စတွင် ပေ ၆၀ ကျယ်သော တူးမြောင်းသည် နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာလာသည့်အခါ ပေ ၁၀၀၀ ကျော် ကျယ်လာပြီး အထက်ဘက် ပန်းလှိုင်မြစ်နှင့် ဆက်စပ်သွားကာ မူလမြစ်လက်တက်အိုတစ်စင်းမှာ ပျောက်ဆုံးသွားခဲ့လေပြီ။

ပန်းလှိုင်မြစ်သည် ဧရာဝတီမြစ်မှ ရေခေါ်တူးမြောင်းနှင့် ဆက်စပ်ပေးထားသော မြစ်တစ်စင်းဖြစ်ပြီး ယခင်စီးဝင်ခဲ့သော မြစ်လက်တက်တစ်စင်းကို လူအများ မသိရှိတော့ကြောင်း အသက်(၇၀)ကျော် စည်ပင်သာယာအုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်သန်းက ပြောသည်။

ရန်ကင်းစံရာကျွန်းအလယ်တည့်တည့်တွင် ဖြတ်ဖောက်ခဲ့သော ရေခေါ်တူးမြောင်းတစ်စင်းသည် ကျယ်ပြန့်လာပြီး အနောက်ကျွန်းရွာသည်ရေအောက်သို့ရောက် ရှိခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာလာသည့်အခါ ယင်းရွာနေရာတွင် သဲသောင်တစ်ခုပေါ်လာသည်။

ယနေ့လူသိများသောညောင် ချောင်းသာအပန်းဖြေနေရာသည် ယခင်ရန်ကင်းစံရာအနောက် ကျေးရွာတည်နေရာဖြစ်ပြီး ဒေသခံများ နွေရာသီတွင် ၀င်ငွေရှာပေးနေသည့် သဲသောင်ပြင်ဖြစ်သည်။

ယခင်ကျွန်းနေရာသည် ကွယ်ပျောက်သွားပြီး နှစ်စဉ်တန်ဆောင်မုန်းကာလတွင် ပန်းလှိုင်မြစ်နှင့် ဧရာဝတီမြစ်ဆက်စပ်ထားသော မြစ်ဆုံနေရာတွင်ပေါ်ပေါက် ခဲ့သည်။ သဲသောင်ပြင်ကြီးဖြစ်ပေါ်လာသည်မှာ ရှစ်နှစ်ခန့်ရှိပြီဟု ပြောင်းရွှေ့ခဲ့ရသည့် ကျေးရွာဒေသခံများကပြောသည်။

ယနေ့ လူသိများနေသော ညောင်ချောင်းသာ အပန်းဖြေနေရာသည် ယခင်ရန်ကင်းစံရာ အနောက်ကျေးရွာ တည်နေရာဖြစ်ပြီး ဒေသခံများအား ၀င်ငွေရှာပေးနေသော အသစ်ဖြစ်ထွန်းလာသည့် နွေရာသီသဲသောင်ပြင်ကြီးတစ်ခုဖြစ်သည်။

“ပြောင်းဖောက်လိုက်တဲ့ ဒီမြစ်ကြောင်းကြောင့် ဘ၀တွေ ပျက်ခဲ့ကြတာ နည်းမှမနည်းတာ။သားသမီးတွေကိုပေးတဲ့ ကျောင်းအမွေဆိုတာတောင်ပြုတ်ရော၊ အိမ်တိုင်တောင် ကျွန်းဖြစ်ရာကနေ၊ သစ်ဖြစ်လိုက်၊ ၀ါးဖြစ်လိုက်နဲ့ ဖြစ်လာတော့ ကလေးတွေ ကျောင်းအမွေတောင် မပေးနိုင်ခဲ့ဘူး” ဟု မောဟိုက်ခဲ့သော ဘ၀တစ်ခုကို သတိတရရှိနေသည့် မျက်ဝန်းများဖြင့် ရန်ကင်းစံရာ ကျေးရွာ (အနောက်) သား ဦးစိန်ဖိုးက ပြောသည်။

လူလုပ်ပန်းလှိုင်မြစ်လက်တက်ကြောင့် ညောင်တုန်းမြို့မြေပုံတည်နေ ရာပြောင်းလဲခြင်းနှင့်အတူ ဘ၀ပေါင်းများစွာလည်း ပြောင်းလဲခဲ့သည်။ ဦးစိန်ဖိုး သည် မြစ်ကြောင့် ပြောင်းလဲသော ဘ၀ပေါင်းများစွာထဲက တစ်ဦးဖြစ်သည်။

ဧရာဝတီမြစ်မှ တိုးလာမည့် မြစ်ရေကြောင့် ညောင်တုန်းမြို့ ရေလွှမ်းမိုးခြင်း၊ ကမ်းပြိုခြင်းကို သဘာဝအရ တားဆီးထားသည့် ရန်ကင်းစံရာ ကျွန်းရွာကြီး၏ အလယ်တွင် ဖောက်လုပ်ခဲ့သော လူလုပ်ရေခေါ် တူးမြောင်းတစ်စင်းကြောင့်ညောင်တုန်းမြို့သည် ကမ်းပြိုခြင်း၊ မြေစားခြင်းကို ခံစားလာရကြောင်း ယခင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်သန်းက ပြောသည်။

“အဲဒီ ရေခေါ်တူးမြောင်းကို ပန်းလှိုင်မြစ်နဲ့ ဧရာဝတီမြစ်ကို ခြားထားတဲ့ ရန်ကင်းစံရာ ကျွန်းရွာကြီးကနေဖောက်ပြီး ပန်းလှိုင်မြစ်နဲ့ ဆက်လိုက်တယ်။ ၁၉၈၂ ခုနှစ်လောက်မှာ တူးတယ်။ ဒါပေမဲ့ မပေါက်ဘူး။

၈၆ လောက်မှ ပေါက်သွားတာ။ အဲဒီကနေ တောက်လျှောက်ညောင်တုန်းမြို့ ခါးလယ်လောက်ကို လာလာတိုးတော့ ညောင်တုန်းသောင်လည်း ကုန်ရော၊ အိမ်တွေပါ မြစ်ထဲရောက်ကုန်တာ မနည်းဘူး။ အဲဒီအချိန်မှာ ညောင်တုန်း အလူးလဲခံရတယ်” ဟု ဦးအောင်သန်းက ထပ်မံပြောသည်။

မြစ်ကမ်းနားဘေးတွင် ယခင်က ညောင်တုန်းမြို့သည် အားကစားကွင်း၊ ယာယီဆားဂိုဒေါင်ရုံ၊ လွတ်လပ်ရေးကျောက်တိုင်နှင့် လူနေအိမ်ခြေများဖြင့် စည်ကားခဲ့သည်။ ယခုအခါတော့ ထိုမြေသားများသည် ညောင်တုန်းမြို့ အနောက်မြောက်တွင် ဖောက်လုပ်လိုက်သော တူးမြောင်းတစ်ခုကြောင့်
ရေအောက်သို့ တဖြည်းဖြည်း ရောက်ရှိခဲ့သည်။

ညောင်တုန်းမြို့နည်းတူ ရန်ကင်းစံရာ အနောက်ကျေးရွာသည် ဧရာဝတီမြစ်တိုးလာခြင်းကြောင့် ကျေးရွာပျောက်ကွယ်ခဲ့ပြီး ညောင်တုန်းမြို့ ကမ်းနားရပ်ကွက်များသည်လည်း မြို့အရှေ့ဘက် လယ်ကွက်များတွင် ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း ရပ်ကွက်တည်နေရာမြေနေရာအသစ်ကို စည်ပင်က ချထားပေးရာတွင် အုပ်ချုပ်ရေးမှူးအဖြစ် ပါဝင်ခဲ့သူ ဦးအောင်သန်းက ပြောသည်။

“ဆရာဝန် ဆေးထိုးမှားရင် တစ်ယောက်ပဲသေတယ်။ မြစ်ကို ဆေးထိုးမှားတော့ လူတွေရဲ့ ဘ၀တွေ ကျေပျက်ခဲ့တာများ မနည်းဘူး” ဟု ဦးအောင်သန်းက ပြောသည်။

ရေခေါ်တူးမြောင်းဖောက်လုပ်ပြီး ၂ နှစ်ကျော် ကြာမြင့်ပြီးနောက် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုခြင်းများကို ခံစားခဲ့ရသည့် မြစ်ကြောင်း ကို ပြုပြင် လိုက်ခြင်းကြောင့်ဖြစ်သည်ဟု ရန်ကင်းစံရာ ကျေးရွာနှင့်ညောင်တုန်းမြို့မှ ဒေသခံများ၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားသူ များက ပြောဆိုနေကြသည်။

“ဒီမြစ်ကြောင်းမှ မဟုတ်ဘူး တခြားပြုပြင်ပြီး မြစ်ကြောင်းတွေဟာ ကမ္ဘာအနှံ့အပြားမှာ ပုံစံမျိုးစုံနဲ့ ပြောင်းလဲလာတာကြောင့် ၂၁ ရာစုနောက်ပိုင်းမှာတော့ အင်ဂျင်နီယာပညာရှင်တွေ ကသဘာဝအတိုင်း ပြုပြင်ပြောင်းလဲတာက အကောင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုတာ လက်ခံလာကြတယ်” ဟု သြစတြေး လျနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ပါရဂူတန်းတက်ရောက်နေသူ ဦးမြင့်ဇော်ကပြောသည်။

ဧရာဝတီမြစ်မှ သဘာဝအတိုင်းစီးဝင်နေသော ပန်းလှိုင်မြစ်ကြောင်းပြောင်းလဲခြင်းကြောင့် ကမ်းပါးတိုက်စားမှုများ ကြုံလာရသည့်အပြင် ယခုအခါ ပန်းလှိုင်မြစ်နှင့် ဧရာဝတီမြစ် ဆုံစည်းရာနေရာတွင် မိုင်ဝက်ရှည်လျားပြီးကြီးမားကျယ်ပြန့်သောသဲသောင်ပြင်ကြီးများ နွေရာသီ၌ ပေါ်လာပြီဖြစ်သည်။

“မြစ်ရဲ့သဘောကသဲသောင်ပြင် ပေါ်လာတာများရင်ကောတာပဲ။ သောင်ပြင်ပေါ်တာ ဘယ်လောက်မှ မရှိဘူး။ ပိုဆိုးတာက ညောင်တုန်းနားက ဧရာဝတီမြစ်ပေါ် မှာ တံတားကြီးနှစ်စင်းပေါ်လာတော့ ပင်လယ်ထဲကို စီးဝင်မယ့် ဧရာဝတီမြစ်ရေဟာပန်းလှိုင်မြစ်ထဲကိုတိုးမှာပဲ။ ညောင်တုန်းကတော့ ရေတိုက်
စားခံရဦးမယ်။

ရေတိုက်စားခံရတာ ကုန်လာရင် ပန်းလှိုင်မြစ်လည်း ကောနိုင်သလို ဧရာဝတီမြစ်လည်း ဒုက္ခရောက်တော့မယ်” ဟု ဧရာဝတီမြစ်တစ်စင်းနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်ရေးရာ ရှုထောင့်မှ မေးခွန်းနှစ်ဆယ်ထုတ်ခဲ့သူ ဦးဝင်းမျိုးသူက ပြောသည်။

ယင်းသဲသောင်ပြင်ကြီး ပေါ်ထွန်းလာမှုသည် မြစ်ကို ပြုပြင်ခဲ့သောကြောင့် ဆယ်စုနှစ်တစ်ခုအကျော် ဒဏ်ခတ်ပြီးနောက် ဆုငွေအဖြစ် အနည်းအကျဉ်းပေးသော ဆုလာဘ်တစ်ခုဟု ဒေသခံများက ယုံကြည်နေကြသည်။

“တစ်နေ့ကို နှစ်ထောင်၊ သုံးထောင်မြတ်တယ်။ တစ်ခါတလေ ကိုယ်ဆိုတဲ့ ဈေးနဲ့ ရောင်းရင် ငါးထောင်၊ ခြောက်ထောင်လောက် မြတ်တယ်။

ရွာကလူတွေ တစ်ရွာလုံးနီးပါး ရောင်းကြတယ်။ သောင်မပေါ်ခင်က အလုပ်ကြမ်းလုပ်ကြ၊ ကျောက်သယ်ကြနဲ့ လုပ်ကြတယ်။ အရမ်းပင်ပန်းတယ်။ အခုတော့ အဆင်ပြေတယ်” ဟု ပြောင်းရွှေ့သော ရန်ကင်းစံရာ အနောက်ကျေးရွာအသစ်တွင် နေထိုင်သူ ကလေးတစ်ယောက်အမေ မမူမူက ပြောသည်။

အိမ်ပေါင်းများစွာနှင့် မြေနေရာပေါင်းများစွာဆုံးရှုံးခဲ့သော ညောင်တုန်းမြို့သည်လည်း ယခုနှစ်တွင် ညောင်ချောင်းသာ အပန်းဖြေမြစ်ကမ်းခြေမှ ငွေကျပ်သိန်း သုံးဆယ်ကျော်ကို မြို့ရန်ပုံငွေအဖြစ် ရရှိခဲ့သည်။

“မြို့ရန်ပုံငွေအဖြစ် ညောင်ချောင်းသာဖြစ်မြောက်ရေးကော်မတီက စီမံခန့်ခွဲတယ်။ တံတားလေလံကို တစ်ရာသီ ၁၀ သိန်း လေလံပစ်တယ်။ ဆိုင်ခန်းကတော့ တစ်ခန်းကို ကျေးရွာသား ငါးသောင်း၊ ညောင်တုန်းမြို့ခံက ခုနစ်သောင်းကောက်တယ်။ အားကစားကွင်းက ရှစ်သိန်းကောက်တယ်။

ရတဲ့ငွေကြေးကို မြို့တော်ခန်းမတည်ဆောက်ရေးနဲ့ တခြားနေရာတွေမှာ သုံးဖို့ ရည်ရွယ်ထားပါတယ်။ ငွေစာရင်းကိုလည်း ကြေညာမှာပါ” ဟုညောင်ချောင်းသာ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မင်းက ပြောသည်။

သဘာဝအတိုင်း စီးဆင်းနေသော ပန်းလှိုင်မြစ်ကြောင်း ပျောက်ဆုံးပြီး လူလုပ်ရေခေါ်တူးမြောင်းတစ်စင်းဖြင့် ရေကြောင်းပြောင်းလဲစဉ်က ပြည်သူဘဏ္ဍာများ ဆုံးရှုံးခဲ့သောကြောင့် နှစ်စဉ် ဧရာဝတီမြစ်ရေ တိုက်ရိုက်တိုးမှုကို ခံစားရသော ညောင်တုန်းမြို့ ရေရှည်ကာကွယ်နိုင်ရေးအတွက် ယခုရရှိလာသော ဘဏ္ဍာငွေများကို ထိရောက်သော နေရာများတွင်သာ သုံးစွဲရန် တိုက်တွန်းကြောင်း မြို့ခံအချို့က ပြောသည်။

ညောင်ချောင်းသာတွင် မြေခပေးဆိုင်ခန်းဖွင့်လှစ်ထားပြီး ၀မ်းရေးရှာဖွေနေသော ဦးစိန်ဖိုးက ဆိုင်ခန်းမှ ရသော ငွေသည် သူဆုံးရှုံးခဲ့သော အရာ များနှင့် နှိုင်းယှဉ်ပါက အရင်းမကျေသေးဟု ဆိုသည်။

7Day News Journal

Related posts:

1. နိုင်ပွဲကိုယ်စီရသွားတဲ့ မကွေး၊ဇေယျာရွှေမြေ၊KBZ နဲ့ ရက္ခပူရ မြန်မာနေရှင်နယ်လိဂ်(၂၁)ပတ်မြောက်ပွဲစဉ်တွေကို ယနေ့ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ  မကွေး၊ဇေယျာရွှေမြေ၊KBZ နဲ့ ရက္ခပူရ အသင်းတွေနိုင်ပွဲကိုယ်စီ ရရှိသွားခဲ့ပြီး ပရိသတ်အကြိုက် ပွဲစဉ်တွေဖြစ်ခဲ့ပါတယ်။ တောင်ကြီးကွင်းမှာ...

Related posts brought to you by Yet Another Related Posts Plugin.

Category: သတင်း

Leave a Reply