ဝေကုမ္ပဏီ၊ နှင့်် ရွှေဂေါင်ဂေါင်း ကုမဏ္ဏီမှ လူပေါင်း ၆၀ ကျော် အား KIA မှ ယမ်းဂိုေ ထာင်ဖောက်ခွဲပြီးသတ်

| September 1, 2012 |

 

ကျွန်တော်တို့ ကချင်ပြည်နယ်အတွက် မည့်သည့်အချိန်ကမှ ကောင်းကျိုးမပေးခဲ့တဲ့ KIA အဖွဲ့ဟာ ငြိမ်းချမ်းရေးကိုမျက်ကွယ်ပြုထားပြီး အကြမ်းဖက် အဖွဲ့အစည်းဖြစ်ကြောင်း ဘီလူးမှန်းသိအောင် အစွယ် ထုတ်ပြလျက် ရှိပါတယ်၊ KIA ဟာ ကချင်ပြည်နယ်နဲ့ ကချင်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းမဟုတ်တဲ့အတွက် ပြည်နယ်ရဲ့အလှအပတွေ၊ ဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးပါတဲ့ လမ်း၊ တံတား၊ စက်ရုံအလုပ်ရုံတွေ စတဲ့ ရုပ်ပိုင်း ဆိုင်ရာတွေကို ဖျက်ဆီးပစ်ခဲ့ရုံသာမက ကျွန်တော်တို့ပြည်နယ်အတွင်းက တိုင်းရင်းသားတွေရဲ့ စိတ်ဓာတ်ရေးရာအပိုင်းကိုလည်း ရိုက်ချိုးဖျက်ဆီးပစ်ခဲ့ပါတယ်၊ နောက်ဆုံး လုပ်ဆောင် မှုကတော့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းကုမ္ပဏီတွေကို ပြင်း ထန် စွာဖောက်ခွဲဖျက် ဆီး လာခြင်းပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၉ ရက်နေ့က ဖားကန့်မြို့နယ်အတွင်း ကြီးမားတဲ့ဖောက်ခွဲဖျက်ဆီးမှုကြီးနှစ်ခုကို KIA မှ ဆောင်ရွက်ခဲ့ပါတယ်၊ ပထမ ဖောက် ခွဲမှုကြီး က မှော်မောင်းလျှံရွာက ဝေကုမ္ပဏီ ကို ဖောက်ခွဲဖျက်ဆီးခဲ့ တာဖြစ်ပြီး ဒုတိယကတော့ မက်လင်ချောင်ရွာ မှာရှိတဲ့ ရွှေဂေါင်ဂေါင် ကုမ္ပဏီကို ဖောက်ခွဲဖျက်ဆီး ခဲ့တာပါ၊ ဝေကုမ္ပဏီက အသက်မသေဘဲ လွတ်မြောက်လာသူတစ်ဦးက အဖြစ်မှန်ကို ဒီလိုပြောပြခဲ့ပါတယ်။
“ညနေဘက်မှာ ကံဆီး KIA တပ်ရင်းက ကားနှစ်စီး ကုမ္ပဏီဝန်းထဲကို တရကြမ်းမောင်းဝင်လာတယ်၊ KIA ၁၀ ယောက်ကျော်လောက်ပါမယ်ထင်တယ်၊ ကုမ္ပဏီဝန်းထဲရောက်ပြီး တစ်ဖွဲ့က မြင်သမျှလူတွေကို မဲမဲမြင်ရာ ပစ်ခတ်ပါတော့တယ်၊ ပစ်ခတ်နေတုန်း ကျန်တဲ့အဖွဲ့က သူတို့မှာအသင့်ပါလာတဲ့ မိုင်းတွေကို အဆောက်အဦတွေ၊ ဓါတ်ဆီ/ ဒီဇယ်ပေပါတွေ၊ ဆီလှောင်ကန်တွေမှာ လိုက်ကပ်တယ်၊ ပြီးတာနဲ့ချက်ချင်း ပြန်ထွက်သွားတယ်၊ သိပ်မကြာခင်မှာ ၀ုန်းဆိုတဲ့ အသံကြီးကြားရပြီး ကျွန်တော်တို့ ကုမ္ပဏီဝန်းတစ်ခုလုံး သိမ့်သိမ့်ခုန်ကာမီးခိုးလုံးကြီး တက်သွားတယ်၊ ပေါက်ကွဲသံဟာ နားကွဲမတတ် ကျယ်လောင်လှပါတယ်၊ ကုမ္ပဏီကလူတွေကို KIA က ပစ်ခတ် သတ်ဖြတ်နေတဲ့အသံကြောင့် မလှမ်း မကမ်းမှာရောက်နေတဲ့ စစ်တပ်ကအဖွဲ့တစ်ဖွဲ့ ပြေးလာတာ တွေ့ရတယ်၊ KIA က ကားနဲ့ပြန်ထွက်သွား တာဖြစ်တဲ့အတွက် မမှီလိုက်ဘူး၊ ရောက်လာတဲ့ စစ်တပ်အဖွဲ့ ကျွန်တော့်အထင် ၉ ယောက် ၁၀ ယောက်လောက်ရှိမယ်၊ သူတို့ အားလုံး ပေါက် ကွဲမှုကြောင့် သေဆုံးခဲ့ရတယ်”
KIA ရဲ့ ရက်စက်တဲ့လုပ်ရပ်ကြောင့် ကုမ္ပဏီဝန်းထဲမှာရှိနေသူ ဘယ်နှစ်ယောက်လောက် သေဆုံး သွားသလဲ၊ ဘာတွေပျက်စီးသွားသလဲလို့ ဆက်မေးကြည့် တဲ့အခါ သူက ဒီလိုဆက်ပြောပါတယ်…
“KIA က မဲမဲမြင်ရာပစ်လို့ သေတဲ့လူက ၁၅ ယောက်လောက်ရှိမယ်၊ ထွက်မပြေးနိုင်တဲ့ အသက်ကြီးသူတွေ၊ ကလေးတွေအားလုံး ၂၀ ကျော်လောက် ဟာ ပေါက်ကွဲမှုကြီးကြောင့် ကိုယ်ခန္ဓာတွေ မီးလောင်ပြီး အပိုင်းပိုင်းပြတ် သေဆုံးခဲ့တယ်၊ ကုမ္ပဏီက ယာဉ်ကြီး၊ ယာဉ်ငယ် အစီး ၆၀ ကျော် ပျက်စီး ခဲ့ပါတယ်”
အဲဒီနေ့ညမှာပဲ ရွှေဂေါင်ဂေါင် ကျောက်စိမ်းကုမ္ပဏီကိုလည်း အလားတူဖောက်ခွဲဖျက်ဆီးမှုတွေ ဆက်လုပ်ခဲ့ပါတယ်၊ နောက်ဆုံးသိရှိရတဲ့ သတင်း အရ ရွှေဂေါင်ဂေါင်ကုမ္ပဏီဝန်းအတွင်းက လုပ်ငန်း အသုံးပြုတဲ့ ယာဉ်တွေ၊ စက်ပစ္စည်းတွေ၊ အဆောက်အဦတွေ၊ စက်သုံးဆီတွေ စတဲ့ တန်ဖိုးကြီးပစ္စည်း အားလုံးပျက်စီးခဲ့ရပြီး ကျန်းမာရေးမကောင်းသူ၊ အသက်အရွယ်ကြီးရင့်သူနဲ့ နို့စို့အရွယ်ကလေးငယ်တွေ စုစုပေါင်း ၃၀ လောက် သေကြေခဲ့ရတယ်။
KIAရဲ့ဖျက်ဆီးခြင်းခံရတဲ့ ကျောက်စိမ်းကုမ္ပဏီတွေအပါအ၀င် ဖားကန့်ကကုမ္ပဏီအားလုံးဟာ KIAကို လစဉ်ကြေး၊ နှစ်စဉ်ကြေးနဲ့ လုပ်ပိုင်ခွင့်အတွက် ဆက်ကြေးအမျိုးမျိုးကို ပေးနေရတာပါ၊ ကုမ္ပဏီတစ်ခုအတွက် သန်းငါးရာကနေ သန်းသုံးထောင်ကြားရှိပါတယ်၊ ဖားကန့်ဒေသမှာ ကုမ္ပဏီပေါင်း ရာချီရှိတဲ့အတွက် KIA တွေ ရနိုင်မယ့်ဆက်ကြေးငွေကို တွက်ချက်ကြည့်နိုင်ပါလိမ့်မယ်။
ကုမ္ပဏီနဲ့နီးစပ်သူ ဒေသခံတစ်ဦးကတော့ သူ့ခံစားချက်ကို အခုလိုပြောပြပါတယ်။
“ဖျက်ဆီးခံရတဲ့ ကုမ္ပဏီတွေဟာ KIA အတွက် နှစ်ပေါင်းများစွာ ဆက်ကြေးပေးဆောင်ခဲ့တဲ့ ကုမ္ပဏီတွေ ပါဗျာ၊ KIA အတွက် လက်နက်/ခဲယမ်း၊ မိုင်း၊ ၀တ်စုံ တွေအပြင် သူတို့စားနေတဲ့ ဆန်ဟာလည်း ကုမ္ပဏီတွေက ပေးတဲ့ ဆက်ကြေးငွေနဲ့ ၀ယ်နေရတာဖြစ်ပါတယ်။ KIA ဟာ ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်တဲ့ ခွေးလိုပါပဲ သစ္စာမဲ့လုပ်ရပ်တွေအတွက် ဘုရားသခင် ဒဏ်ခတ်ပါ လိမ့်မယ်ဗျာ။
KIA ရဲ့ ယုတ်မာကောက်ကျစ်တဲ့ အကျင့်စရိုက်အရ ဖောက်ခွဲဖျက်ဆီးမှုတွေနဲ့ပတ်သက်ပြီး စစ်တပ်ကပဲ လုပ်သလိုလို ဦးအောင်သတင်းလွှင့်နေ တာတွေလည်းရှိပါတယ်၊ အဖြစ်မှန်ကိုသိတဲ့ ဖားကန့်ဒေသခံတွေကတော့ ပျက်စီးသေဆုံးရသူများရဲ့ကိုယ်စား KIA အပေါ် ပြင်းထန်တဲ့ နာကျည်း မုန်းတီးမှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။ ဒါ့အပြင် ထိုးစစ်မဆင်တဲ့ စစ်တပ်အပေါ်ကိုလည်း အားမလို အားမ ရဖြစ်နေပြီး ဖားကန့်နားမှာသာမက ကချင်ပြည်နယ် ထဲမှာ ရှိတဲ့ KIA အားလုံးကို စစ်တပ် က ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းပစ်ရေးကို အထူးလိုလားလျက်ရှိနေကြောင်း သိရပါတယ်။
ကချင်ပြည်နယ် စစ်ရေးလေ့လာသူတစ်ဦး

Related posts:

  1. သြဂုတ်က ၂၇ ရက်နေ့ မှစတင်ပြီး ဖားကန့်ဒေ သတွင်တိုက် ပွဲများပြင်း ထန် ကချင်ပြည်နယ်ဖားကန့်ဒေသအတွင်းသြဂုတ်လ၂၇ရက်နေ့မှစတင်ပြီးKIA နှင့်တပ်မတော်အကြားတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသခံများ ၏ပြောကြားချက်အရသိရှိရသည်။ သြဂုတ်လ ၁၇ ရက်နောက်ပိုင်းမှစတင်ပြီး ဖားကန့်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် အပြန်အလှန်ပစ်ခတ်မှု...

Related posts brought to you by Yet Another Related Posts Plugin.

Category: သတင်း

Leave a Reply